Saturday, 3 March 2012

ညပိုင်း မိုဘိုင်းဖုန်းခေါ်ဆိုခများ လျှော့ချ


မိုဘိုင်းတယ်လီဖုန်းများ မတ်လ ၁၄ နေ့မှစတင်ကာ ည ၁၁ နာရီမှ မနက် ၇ နာရီအတွင်း ခေါ်ဆိုမည်ဆိုပါက တစ်မီနစ်လျှင် ၂၅ကျပ် သာ ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးမှပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သုံးဆွဲခွင့်ပြုလျှက်ရှိသော မိုဘိုင်း တယ်လီဖုန်းများ(GSM/CDMA 450/ CDMA 800/ WCDMA) ဖုန်းများကိုင် ဆောင်ထားသူများအနေဖြင့် မတ်လ ၁၄ ရက်နေ့မှစတင်ကာ ည ၁၁ နာရီမှ မနက် ၇ နာရီအတွင်း တယ်လီဖုန်းခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းနှင့် မနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း တယ်လီဖုန်းခေါ်ဆိုမည်ဆိုပါက မူလအတိုင်း တစ်မိနစ်လျှင် ၅၀ ကျပ်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောကြားသည်။
မတ်လ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသော အစိုးရအဖွဲ့သစ် တစ်နှစ်ပြည့် မိန့်ခွန်းတွင် မိဘပြည်သူများ ဆန္ဒပြည့်ဝစေရန် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

No comments: