Poem

အပြောင်းအလဲကိုချောင်းကြည့်ခြင်း

              ဒီဘက်ခေတ်လို့ဆိုမလား ဒါမှမဟုတ် အခုလက်ရှိရောက်နေတဲ့ အချိန်ကာလ လို့ဆိုမလား အခုချိန်မှာတော့ ဒီမိုကရေစီ၊လွတ်လပ်ခွင့် အပြောင်းအလဲ နိုင်ငံတည်ဆောက်ရေး ဆိုတဲ့စကားလုံးတွေဟာ ကျန်တော်တို့နိုင်ငံမှာ အတွင်ကျယ်ဆုံးနဲ့လူသုံးအများဆုံးလို့ ဆိုရမှာပါ။ဒီမိုကရေစီဆိုတဲ့စကားလုံးအပေါ်မှာတော့ သိပ်ပြီးတော့ အဓိပ္ပယ်မဖွင့်ဆိုလိုပါဘူး။ဘာကြောင့်လဲလို့ဆိုရင်တော့ ဒီလိုအချိန်မျိုးမှာ ဒီမိုကရေစီအကြောင်းကို အဓိပ္ပယ်ဖွင့်ဆိုနေမယ်ဆိုရင် မိချောင်းမင်းတွေကိုရေခင်းပြသလိုဖြစ်နေမှာဆိုးတဲ့အတွက်ပါ၊..............

အခုဆိုရင် ကျန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီဘက်ကို ဘက်ကိုအသွင်ကုးပြောင်းလာတဲ့နိုင်ငံတစ်ခုဖြစ်လာပါပြီ။ ဆိုတော့ ကျန်တော်တို့ ဒီမိုကရေစီစံနူန်းတွေမှာ ဘယ်လောက်အတိုင်းအတာထိ ခရီးရောက်နေပြီလဲ..ဒါကတော့ စဉ်းစားစရာအချက်တစ်ခုပါ။ဒီမိုကရေစီ အတွေးအခေါ်တွေ ကျင့်စဉ်တွေ၊နူန်းစံတွေနဲ့ ပတ်သက်ပြီးစိတ်ထဲမှာ ဘဝင်မကျဖြစ်မိနေတာတွေလည်း အနည်းငယ် ရှိနေပါသေးတယ်။အဲ့ဒါတွေက ဒီမိုကရေစီရေးလို့ တစာစာ အော်နေကြတဲ့လူတစ်ချို့မှာပဲ စိတ်ပျက်ဖွယ်ရာကောင်းစွာ ဒီမိုကရေစီ ကျင့်စဉ်တွေ စံနူန်းတွေကို ချိုးဖေါက်နေကြတဲ့ ဖြစ်စဉ်ပါပဲ။ဆိုလိုပြီးပြောချင်တာက လူတစ်ယောက်က သူ့ရဲ့ခံယူချက် သူရဲ့ယုံကြည်ချက်ကို ဖေါ်ထုတ်တဲ့အခါမှာ ကိုယ့်ခံယူချက်၊ယုံကြည်ချက်ဆိုတာတွေနဲ့မကိုက်ညီဘူးဆိုရင် အဲ့ဒီလူအပေါ်မှာ ဝေဖန်တိုက်ခိုက်တာ၊ပိုဂိုလ်ရေးထိပါးတာ ဆိုတာတွေဟာ ဒီမိုကရေစီရေးလို့အော်နေတဲ့သူအချိုမှာ စိတ်ပျက်ဖွယ်ရာတွေ့မြင့် နေရတာပါပဲ။ဒါနဲပတ်သက်ပြီ အထူးတလည်ဆက်ပြီးတော့ မပြောလိုတော့ပါဘူး။ ကျန်တော်ဒီနေရာမှာ အဓိကထားပြီးပြောချင်တာက အပြာင်းလဲနဲ့ နိုင်ငံတည်ဆောက်ရေးပါ ဒါတွေနဲ့ပတ်သက်ပြီး မြင်မိသလောက် အနည်းငယ်သုံးသပ်ကြည့်ချင်ရုံပဲဆိုပါတော့.....

  ခေတ်ကနေခေတ်တစ်ခတ်ဒါမှဟုတ် စနစ်တစ်ခုကနေစနစ်တစ်ခုကို ပြောင်းလဲလာတဲ့ ဖြစ်စဉ်တစ်ရပ် လို့ဆိုလိုက်ရင် အဲ့ဒီပြောင်းလဲမှုတွေအတွက် ပေးစပ်မှုတွေ ရင်းနှီးမှုတွေ  မလွဲမသွေရှိခဲ့မယ်ဆိုတာကို ငြင်းဆိုလို့မရနိုင်သလို အပြောင်းအလဲကို ဖြစ်ပေါ်စေတဲ့ အခြေခံသဘောတရားတွေ အကြောင်းတရားတွေ ဆိုတာကလည်း ရှိနေမှာပါပဲ။

  ပေးစပ်ခဲ့မှုတွေ ရင်းနှီးခံရတာတွေ ကိုသမိုင်းတစ်ခုလုံးမေ့ဖျောက်ပစ်လို့ ရမှာ မဟုတ်သလိုပဲ အပြောင်းအလဲ ဆိုတာနဲ့ပတ်သက်ပြီးမေ့ထားလို့မရတဲ့ နာက်ထပ်အရေးကြီးတဲ့ အရာတစ်ခုကလည်းရှိနေပါသေးတယ်။ အဲ့ဒါကတော့ ပကတိအရှိတရားပါ။ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုကို သိမ်မွေ့စွာဖေါ်ဆောင်ယူမယ် မဟာဗျူဟာကျကျ ဖန်တီးယူမယ်ဆိုရင်တော့ ပကတိအရှိတရားကိုမေ့ထားလို့ မရပါဘူး။

ဒီနေ့ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေကို အနီးကပ်ဆုံးပြန်ကောင်ယူကြည့်မယ်ဆိုရင်တော့ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအရပေါ်ပေါက်လာခဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ညွန်းရမှာပါ။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပ်မတော်က စိတ်ကြိုက်ရေးဆွဲထားတာဖြစ်တယ်ဒါကလည်း အမှန်ပါပဲ)လို့ယူစကြပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြတဲ့သူတွေရှိလာပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရက်တစ်အင်အားစုအချို့က ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အလုပ်ဖြစ်နိုင်တယ်၊တဖြည်းဖြည်းပြင်ဆင်ဖို့ ကြိုးစားရင် ဖြစ်နိုင်ချေရှိတယ်လို့ ယူစပြီးရွေးကောင်ပွဲလမ်းကြောင်း လျှောက်လာကြတာတွေရှိခဲ့ပါတယ်။

အဲ့ဒိလို ကွဲလွဲမှုတွေ ကြားထဲမှာပဲ ၂၀၁၀ ရွေးကောက်ပွဲက ပြီးစီးသွားခဲ့ပါတယ်။အကြမ်းအားဖြင့်ကြည့်မယ်ဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာ့နိုင်ငံရေးမှာလမ်းကြောင်း(၂ )ခုပေါ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်
ရွေးကောက်ပွဲ သပိတ်မှောက်တဲ့လမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းပါ။ကျန်တော့်အမြင်အရပြောရရင်တော့ ရွေးကောက်ပွဲ သိပိတ်မှောက်ခဲ့တဲ့လမ်းကြောင်းဟာ မအောင်မြင်ခဲ့ပဲ ဒီမိုကရက်တစ်အင်အားစုတွေထဲကမှ လွှတ်တော်ထဲကိုရောက်သင့်သလောက်မရောက်ခဲ့ရတဲ့ အကျိုးကိုဖြစ်စေခဲ့ပါတယ်။ ဒါကလည်းပြန်ပြီးဖေါ်ကောင်လုပ်တာမဟုတ်ပါဘူး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဆက်နွယ်လို့ အနည်းငယ်ပြောဖြစ်ခြင်းသာဖြစ်ပါတယ်။ အရိုးသားဆုံးပြောရရင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကာလာတွေတုန်းကတော့ စိတ်ပျက်အားလျော့ဖွယ်ရာအချို့ကို မြင်တွေ့ခံစားခဲ့ရပြီး စိတ်ကူးယဉ်မိခဲ့တာတွေလည်းရှိပါတယ်။

စိတ်ပျက်အားလျော့မိတာတွေက ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်အင်အားစုတွေအားလုံးမပါဝင်လာတာ ပါဝင်လာတဲ့ အင်အားစုတွေကြားမှာ အချင်းချင်း ထိပ်တိုက်ပြိုင်ဆိုင်မိကြတာ ပေါင်းစည်းမှုနည်းခဲ့တာတွေပါပဲ။ စိတ်ကူးယဉ်မိတာကတော့ ရွေးကောက်ပွဲလမ်းကြောင်းကိုလျှောက်လာတဲ့ ဒီမိုကရက်တစ်အင်အားစုတွေ အားလုံးပေါင်းစည်းပြီး ယှဉ်ပြိုင်ကြမယ်ဆိုရင်ဘယ်လောက်ကောင်းမလဲဆိုတာကိုပေါ့ သို့သော်လည်း ကိုယ်တိုင်က ဘာကောင်မှမဟုတ်တဲ့အတွက် စိတ်ကူးယဉ်ကြည့်ရုံသက်သက်ပါပဲ။ အားလုံးသိပြီးတဲ့အတိုင်းပါ မြန့်မာနိုင်ငံရေးသမိုင်းမှာ အကွအပြဲဇတ်လမ်းတွေဟာ အစဉ်အဆက် ကြုံတွေခဲ့ရပါတယ်။
ရွေးကောက်ပွဲ အလွန်ကာလတွေမှာလည်း ဒီမိုကရက်တစ်အင်အားစုတွေကြားထဲမှာ အကွဲအပြဲဇတ်လမ်းတစ်ချို့ ပေါ်ပေါက်ခဲ့ပါသေးတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာတော့ အားလုံးတွက်စခဲ့တဲ့အတိုင်း တပ်မတော်ကျောထောက်နောက်ခံပြုထားတဲ့ USDP ပါတီကနေပဲ ၇၈ ရာခိုင်းနှုန်းအသာရပြီ အနိုင်ရသွားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ သိသာထင်ရှားတဲ့အပြောင်းအလဲ မဟုတ်ဘူးဒီမိုကရေစီဘက်ကို အစစ်အမှန်ကူးပြောင်းခြင်းမဟုတ်ဘူး အရင်က လူတွေယူနီဖေါင်းလဲလိုက်ခြင်းသာဖြစ်တယ်လို့ သုံးသပ်ကြတဲ့သူတွေလည်းရှိခဲ့ပါတယ်။သို့သော်လည်း အပြောင်းအလဲဖြစ်ပေါ်ခဲ့တယ်ဆိုတာကတော့ အမှန်ပါပဲ။ ပထမဆုံးအနေနဲ့ပြောရရင် လူတစ်ဦးတစ်ယောက်ထဲက ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရာစီရင်ရေး ဆိုတဲ့အဏာသုံးရပ်ကိုတပေါင်းတစည်းထဲချုပ်ကိုင်ထားရာကနေ မဏ္ဍဉ်သုံးခုက လူတွေကိုခွဲဝေပေးလိုက်ရတဲ့ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။နောက်တစ်ခုက ဒီမိုကရေစီအစိုးရဖြစ်လာတဲ့အတွက် လူကြိုက်များတဲ့ အဆုံးအဖြတ်တွေကို အနည်းနဲ့အများဆောက်ရွက်ပေးရတာမျိုးတေ၊ွလွှတ်တော်အတွင်းကိုရောက်သွားတဲ့ ဒီမိုကရက်တွေအင်အားစုတွေရဲပ အသံထွက်လာနိုင်တာတွေ ဖြစ်လာခဲ့ပါတယ်။

  ၂၀၁၀ ရွေးကောက်ပွဲအပြီး အချိန်တိုကာလအတွင်းမှာပဲ အပြောင်းအလဲအတွက် နောက်ထပ်လမ်းစတစ်ခု ဖြစ်ပေါ်လာခဲ့ပြန်ပါတယ်။အဲ့ဒါကတော့၂၀၁၀နိုဝင်ဘာလ(၁၂)ရက်နေ့မှာဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခြင်းပါပဲ။ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်အပါဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာတော့ ရွေးကောက်ပွဲကို လက်မခံခဲ့တဲ့ NLD ဟာပါတီ မှတ်ပုံတင် ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြီး ယှဉ်ပြိုင်ခဲ့တဲ့ အထိအပြောင်းအလဲဖြစ်ပေါ်ခဲ့တယ်လို့ဆိုရမှာပါ။

    ကုန်လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာတော့ မြန်မာနိုင်ငံအတွင်းမှာလူကြိုက်များတဲ့ အဆုံးအဖြတ်တွေ အပြောင်းအလဲတွေမျှော်လင့်ထားတဲ့ကိစ္စရပ်တွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်ခဲ့တာ တွေ့မြင်နိုင်ပါတယ်။အစိုးရသစ်ရဲ့ ဖြေလျော့မှုအဆင့်ဆင့်တွေကို လက်ခံနိုင်တဲ့အနေထားဖြစ်လာတယ်လို့ ယူစမိပါတယ်။ ဥပမာအနေနဲ့ပြောရရင် လွတ်ငြမ်းချမ်းသာခွင့်လို ကိစ္စမျိုး၊ရွေးကောက်ပွဲ ဥပဒေ အချို့ကို ပြင်ဆင်တာ စီးပွားရေးအရဖြေလျော့မှုတွေလုပ်ဆောင်တာ၊မြစ်ဆုံလိုကိစ္စမျိုး စသည်ဖြင့်ပေါ့.....။သို့သော်လည်း ပြည်သူလူထူတွေနားမလည်နိုင်တဲ့ အဆုံးအဖြတ်တွေ အားမလိုအားမရဖြစ်စေတဲ့ လုပ်ဆောင်မှု နောင့်နှေးတာတွေလည်း ရှိနေခဲ့ပါတယ်။ဒီလိုအဖြစ်အပျက်တွေထဲမှာမှ ယူနီးဖေါင်းချွတ်ထားတဲ့ အစိုးရအဖွဲ့အတွင်းကသမ္မတဦးသိန်းစိန် သူရဦးရွှေးမန်းတို့အပါဝင်အစိုးရရဲ့  ထိပ်ပိုင်ခေါင်းဆောင်တွေထဲမှာ  ပြုပြာင်ပြောင်းလဲရေးကို လုပ်ဆောင်လိုကြတဲ့သူတွေ ရှိလာတဲ့ အားရစရာကောင်းသော ဖြစ်စဉ်တွေလည်း ရှိခဲ့ပြန်ပါတယ်။ ဒီအပေါ်မှာလည်း အမြင်ကွဲလွဲမှုတွေ ရှိကောင်းရှိနေမှာပါ။

 ဘယ်လိုပဲဆိုဆို ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကာလတွေမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ပွင့်လင်းမှု၊ပြည်သူတွေစိတ်ဝင်တစားပါဝင်လာမှုတွေအားကောင်းမောင်းသန် မြင့်တက်လာခဲ့ပါတယ်။
ဒီအထည်းမှာ နိုင်ငံရေးအရအမြတ်ထုတ်လိုသူတွေခါတော်မီသူရဲ့ကောင်းတေ၊ ပေါ်ပင်နိုင်ငံရေးကိုလိုက်စားသူတွေလည်း ရှိကောင်းရှိနေမှာပါ။နိုင်ငံရေးခံယူချက်ရှိမရှိဆိုတာ မသိပေမယ့် အောင်မြင်ကျော်ကြားသူတွေအချို့တွေကပါ တက်ကြွပါဝင်လှုပ်ရှားလာကြတာကိုတွေ့ရမှာပါ။နိုင်ငံရေးက ပေါ်ပင်ဖြတ်လောက်တဲ့အထိကို စိတ်ဝင်စားမှုမြင်တတ်လာခဲ့ပါတယ်။

   ကြားဖြတ်ရွေးကောက်ပွဲမှာ အများပြည်သူမျှော်လင့်တဲ့အတိုင်းပါပဲ ဒေါ်အောင်ဆန်းစုကြည်ဥိးဆောင်တဲ့ NLD က ရာနှုန်းပြည့်နီးပါ အနိုင်ရရှိခဲ့ပြီး လွှတ်တော်ထဲမှာ ဒုတိယအင်အားအကြီးဆုံပါတီအဖြစ်ရပ်တည်နိုင်တော့မှာပါ။ ဒါက နိုင်ငံရေးအရလိုအပ်ချက်တစ်ခုဖြစ်သလို ပြည်သူတွေရဲ့လိုအပ်ချက်လို့လည်းဆိုနိုင်ပါတယ်။သို့သော်လည်း တစ်ဖက်မှာ ရှိနေတဲ့ အကျိုးသက်ရောက်မှုတွေ NLD မဟုတ်တဲ့ ဒီမိုကရက်တစ်အင်အားစုထဲက တကယ်အလုပ်လုပ်နိုင်စွမ်းရှိတဲ့ သူတွေ လွှတ်တော်ထဲကိုရောက်သွားဖို့ ခက်ခဲသွားခဲ့တယ်လို့ ဆိုချင်ပါတယ်။ပြီးခဲ့တဲ့လွှတ်တော်တွေအတွင်းမှာ အနည်းနဲ့အများတိုင်းပြည်ကို ရွေ့ဖို့ကြိုးစားခဲ့ကြတဲ့ဒီမိုကရက်တစ်အင်အားစုတွေအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အကျိုးတစ်စုံတစ်ရာမခံစားခဲ့ရဘူးလို့ သုံသပ်ကြည့်ချင်ပါတယ်။အခုကြားဖြတ်ရွေးကောက်ပွဲမှာလည်း ၂၀၁၀ တုန်းက စိတ်ကူယဉ်ကြည့်သလိုပဲ မျှော်လင့်မိပါသေးတယ်။ NLD နဲ့ ကျန်တဲ့ဒီမိုကရက်တစ်အင်အားစုတွေနဲ့ပေါင်းစည်းမိဖို့ပါ။နောက်ထပ်အချိန်ကာလတွေများလည်းဆက်ပြီးတော့ မျှော်လင့်မိဥိးမှာပေါ့။

ဒီနေရာမှာ အလျင်းသင့်လို့ လွတ်လပ်ရေးမတိုင်ခင်ကာလတုန်းက ဗိုလ်ချုပ်အောင်ဆန်းဆောင်ရွက်ခဲ့မှုလေးတစ်ခုကိုပြောပြချင်ပါတယ် အားလုံးသိပြီးသားအကြောင်းအရာလည်းဖြစ်မှာပါ ဗိုလ်ချုပ်ဟာတပ်မတော်ကထွက်ပြီး နိုင်ငံရေးလမ်းကြောင်းကိုဝင်ရောက်တဲ့အခါမှာ အမျိုးမျိူးအဖုံဖုံကွဲပြားနေတဲ့ နိုင်ငံရေးအင်အားစုတွေ
ကို ဖဆပလ အောက်ကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့ပါတယ်။

  NLD အနေနဲ့သာ အဲ့ဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပါပဲမျှော်လင့်ရပါတယ်။ဆက်လက်ပြီးတော့လည်း လွှတ်တော်ထဲမှာ ရှိနေပြီးသား ဒီမိုကရက်တစ်အင်အားစုတွေ တိုင်းရင်းသားတွေနဲ့ ဘယ်လောက်အထိ ပေါင်းစည်းမှုသွားနိုင်မလဲဆိုတာ ဆက်လက် မျှော်လင့်နေရမှာပါပဲ။ ဒီနေရာမှာ အလျင်းသင့်လို့ကြားဖြတ်ရွေးကော်ပွဲနဲ့ပတ်သက်ပြီးလို့ လူတွေရဲ့နိုင်ငံရေး ရေချိန်ကို ပြောချင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ စဉ်အပေါ်မှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတစ်ခုရဲ့ခေါင်းဆောင်တစ်ဦးနဲ့စကားပြောကြည့်တဲ့အခါမှာ သူက အခုကြားဖြတ်ရွေးကောက်ပွဲဟာ လူပိုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ ကျန်တဲ့ကိုယ်စားလှယ်တွေ ယှဉ်လိုက်ရတဲ့ပွဲလို့ သုံးသပ်ပြပါတယ်။  ပြည်သူတွေအနေနဲ့ တည်ဆဲအစိုးရကို မကြိုက်တဲ့အခါ အပြောင်းအလဲကို ဆောင်ကျဉ်းပေးနိုင်မယ့် ခေါင်းဆောင်ကို ရွေးချယ်ခွင်ံရတဲ့အခြေအနေတွေမှာ ရွေးချယ်ကြတာလို့ ဆက်ပြောပါသေးတယ်။ သူဆိုလိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်တဲ့ပါတီက ကိုယ်စားလှယ် ယဉ်ပြီးအရွေးချယ်ခံသလိုဖြစ်နေတယ်ဆိုတဲ့သဘောပါ။ မဲဆန္ဒနယ်တစ်ခုအတွင်းမှာ မပြိုင်ပေမယ့် ပြိုင်သလိုဖြစ်သွားတယ်ဆိုတဲ့သဘောပါ။ သမ္မတရွေးချယ်တဲ့ ပုံစံဖြစ်သွားတယ်လို့ ဆိုပါတယ်။ သူသုံးသပ်ပြသွားတာကလည်း ဖြစ်နိုင်ချေရှိပါတယ်။ တစ်ချို့မဲဆန္ဒနယ်တွေက ပြည်သူတွေဟာ သူတို့ရဲ့ကိုယ်စားလှယ်လောင်းအကြောင်းကို သေသေချာချာ သိရှိကြတာ မရှိခဲ့ကြပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်တော်ကိုယ်စားလှယ်လောင်းအချင်းချင်း ယှဉ်ပြိုင်ရမှုကနည်းခဲ့တယ်ပေါ့

အဲ့တော့ ရွေးကောက်ပွဲတွေမှာ ပြည်သူတွေမဲရွေးချယ်ပုံနည်းဟာ ဘယ်လိုအပေါ်မှာ မူတည်နေသလဲ ကိုယ်စာလှယ်ရွေးချယ်မှုမှာ လေ့လာမှုအား ဘယ်လောက်ရှိသလဲ ဆိုတာတော့ မသုံးသပ်နိုင်ပါဘူး။၂၀၁၀ ရွေးကောက်ပွဲနဲ့ အခုကြားဖြတ်ရွေးကောက်ပွဲကို သတိထားကြည့်လိုက်မယ်ဆိုရင်တော့ အင်အားကြီးပါတီတစ်ခုထည်းကနေပဲ ရာခိုင်းနူန်းပြည့် အနိုင်ရရှိသွားကြတာကိုတွေ့ရမှာပါ။

2010 ရွေးကောက်ပွဲကတော့ အာဏာနောက်ခံပြုပြီး အနိုင်ရရှိသွားတာဖြစ်ပြီး အခုကြားဖြတ်ရွေးကောက်ပွဲအနိုင်ကတော့ အပြောင်းအလဲကို လူထုကလိုလားမှု၊ ပုဂ္ဂိုလ်ရေးသြဇာလွမ်းမှိုးမှု အောင်မြင်ကြော်ကြားမှုတွေ ကြိုက်နှစ်သက်မှုတွေ ကို အခြေခံပါတယ်။  ရွေးကောက်ပွဲတွေမှာ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်တဲ့ပုံစံမှာ အခု ဖြစ်ပေါ်ခဲ့တဲ့ ပုံစံတွေက ကောင်းသလား ဆိုးသလားဆိုတာ ကတော့ ကျန်တော်ခွဲခြားသုံးသပ်ဖို့ မတတ်နိုင်ပါဘူး ။ပါတီစုံဒီမိုကရေစီ စနစ်မှာ ပါတီတစ်ခုထဲက ပဲ အနိုင်ရရှိသွားတာဟာ တစ်ပါတီ အာဏာရှင်စနစ်ကို ပြန်သွားနိုင်သလား ဒါမှမဟုတ် ဒါဟာ နိုင်ငံတည်ထောင်ရေးကာလမှာ နိုင်ငံရေးလိုအပ်ချက်တစ်ခုလား နိုင်ငံတည်ထောင်ရေးကာလမှာ ပါတီငယ်လေးတွေ အများအပြားရှိနေတာ ကောင်းသလား ဆိုးသလား တဖက်မှာလည်း ကျန်တော်တို့နိုင်ငံက ပြည်သူတွေရဲ့ နိုင်ငံရေးချိန်က ဘယ်လိုရှိနေသလဲ စိတ်ခံစားမှုကို ဦးစားပေးခြင်းက အဆင်ပြေမလား ဒါတွေဟာ ပညာရှင်တွေလေ့လာသုံသပ်သင့်တဲ့အချက်တွေလို့ ကျန်တော်ထင်မိပါတယ်။ (၁၉၇၀) ပြည့်နှစ်လွန် ဒီမိုကရက်တိုက်ဇေးရှင်းတတိယလှိုင်းကာလတွေအတွင်း နိုင်ငံတစ်ချိုးမှာ street politic ကနေပြီး table politic ဘက်ကို ပြောင်းနိုင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ခဲ့တာကိုတွေ့ရမှာပါ။သို့သော်လည်း ဒီလိုကူးပြောင်းဖို့ရာမှာဒီမိုကရက်တစ်နိုင်ငံရေးယဉ်ကျေးမှုထွန်းကားမှု( Democratic politic culture ) ထွန်းကားဖို့လိုကိုလိုပါတယ်။

ကျန်တော်တို့ ပြည်သူတွေမှာရော  ဒီမိုကရက်တစ်နိုင်ငံရေးယဉ်ကျေးမှုထွန်းကားမှု( Democratic politic culture ) ဘယ်လောက်အတိုင်းတာထိ ထွန်းကားနေပြီ...?

                   တွေ့မြင်နေရတဲ့အတိုင်းပါပဲ မြန်မာ့နိုင်ငံရေးရဲ့ အာရုံဟာလင်းစပြုလာပါပြီ။ ၂၀၁၂ ခုနှစ်ဟာ player တွေစုံလင်လာတဲ့နိုင်ငံရေးအခင်းအကျင်း တွေဖြစ်ပေါ်လာပြီး ဆိုရမှာပါ။ လွှတ်တော်နိုင်ငံရေးဟာ တစ်စထက်တစ်စ ပိုမိုချောမွေ့အဆင်ပြေလာပါပြီ။လွှတ်တော်တွေရ့ အခန်းကဏ္ဍ လုပ်ဆောင်မှုတွေကလည်း သက်တမ်းကြာလာတာနဲအမျှ အားရစရာကောင်းလာတာကိုတွေ့ရပါတယ်။ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီဘက်ကိုရွေ့လာတဲ့ အခြေနေတွေတွေ့မြင်လာရပါပြီ။ အဏာရပါတီတစ်ခုထည်းက ဥိးဆောင်ထားတဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုပေမယ့်လည်း လွတ်တော်နဲ့အုပ်ချုပ်ရေးအဖွဲ့ကြားမှာ အားပြိုင်တာတွေ အပြန်အလှန်ထိန်းကျောင်းတာ စောင့်ကြည့်တာ စတဲ့ စိတ်ဝင်စားဖွယ် အဖြစ်အပျက်တွေ ဖြစ်ပေါ်လာတာတွေ့ရမှာပါ။

ဥပမာအနေနဲ့ပြောရရင် ဘတ်ဂျတ်လိုကိစ္စမျိုးမှာ၊ ဝန်ထမ်းလစာတိုးရေးကိစ္စရပ်မျိုးမှာ တင်သာမကပဲ ဝန်ကြီးဌာနတစ်ခုရဲ့ အလွဲသုံစားလုပ်မှုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဥိးက ဖွင့်ဟလိုက်တာ စတာတွေကိုတွေ့နိုင်ပါတယ်။နောက်ထပ်ပိုပြီးစိတ်ဝင်စားဖွယ်ရာရှိလာပြန်တာကတော့ ဒေါ်အောင်စုကြည်ပါဝင်လာမယ့် လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လို ဖြစ်ပေါ်လာနိုင်မလဲဆိုတာပါပဲ။ဒါဟာ မြန်ာမနိုင်ငံရဲ့လွှတ်တော်ကို တစ်ကမ္ဘာလုံးကပါစိတ်ဝင်စားစောင့်ကြည့်လာကြတော့မယ် အခြေအနေလို့ဆိုနိုင်ပါတယ်။ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ဘယ်လိုဖြစ်လာမလဲ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အစိုးရနဲ့လွှတ်တော်ကြားမှာ ဖြစ်နေတဲ့ အားပြိုင်မှုတွေကနေ အဏာရပါတီနဲ့ အတိုက်အခံကြားဖြစ်တဲ့ အားပြိုင်မှုတွေဖြစ်ပေါ်လာမလား ဘယ်အရာက တိုင်းပြည်အတွက် အခုအချိန်မှာ ပိုပြီး အသုံးဝင်မလဲ ဘယ်အရာက ပိုပြီ လိုအပ်မလဲ ဒါတွေကို စောင့်ကြည့်ဖို့ကောင်းလာပြီလို့ ဆိုရမှာပါ။ဘယ်လိုပဲ ဆိုဆို ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာမယ့် လွှတ်တော်ဟာ စိတ်ဝင်စားအားတက်စရာကောင်းနေမှာပါ။ လွှတ်တော်အတွင်းဆွေးနွေးတာ ဥပဒေကြမ်းတွေတင်သွားတာ တွေသာမကပဲ ဘယ်လိုမျိုး ဥပဒေကြမ်းပေါ်ထွက်လာမလဲ ဘယ်လိုဥပဒေတွေကို အလျင်အမြန်ပြင်ဆင်သွားမလဲ စောင့်ကြည့်ဖို့သိပ်ကောင်းလာတဲ့အခြေအနေတွေပါပဲ။ နောက်တစ်ခုကတော့NLDရဲ့အဓီကလုပ်ဆောင်မယ့်အချက်ထဲမှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့လို့ ဆိုထားပါတယ်။၂၀၁၀ရွေးကောက်ပွဲဝင်ခဲ့တဲ့ဒီမိုကရက်တစ်အင်အားစုတွေမှာလည်းအဲ့ဒီရည်ရွယ်ချက် ကရှိနေပြီးသားလို့ဆိုနိုင်ပါတယ်။ လွှတ်တော အတွင်းရာခိုင်နူန်းအားဖြင့်ကြည့်မယ်ဆိုရင်တော့ ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာဟာ လွယ်လွယ်ကူကူ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။သို့သော်လည်း ဒါကိုပြင်မယ့်သူက ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေပါတယ်။ ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ခြင်းက တစ်နှစ်အတွင်းမှဖြစ်နိုင်ချေရှိတယ်လို့သူကထုတ်ပြောထားတာလည်း ရှိနေခဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

    နောက်ဆုံးအနေနဲ့တော့ (civil society )အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အနည်းငယ်ပြောချင်ပါတယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ နိုင်ငံတစ်ခုကိုအဓိကမောင်းနှင်တဲ့ အစိတ်အပိုင်းကြီး သုံးခုထည်းမှာ (civil society)တွေရဲ့ အခန်းကဏ္ဍကလည်း အဓိကပါဝင်နေပါတယ်။ လွတ်လပ်ပွင်းလင်းမှုတွေမရှိခင် ကာလ တွေကစလို့ မြန်မာနိုင်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းအသင်းဖွဲ့တွေ ရှိနေခဲ့ပါတယ်။ အခုချိန်ကာလမှာလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အားကောင်းမောင်းသန်ဖြစ်ပေါ်လာနေတယ်လို့ဆိုနိုင်ပါတယ်။ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာက လွတ်ပ်ပွင့်လင်းမှုမရှိခင်အချိန်တွေမှာပင် တူရာလူငယ်တွေ စုစည်းလုပ်ဆောင်နေကြတဲ့ civil society အဖွဲ့စည်းတွေ အများအပြားရှိနေခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေထဲမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အားပေးမယ် အားပေးဖို့လိုတယ် အားတက်ဖွယ်ရာ ကြားခဲ့ပေမယ်လည်း တကယ့်တကယ် လက်တွေ့မှာတော့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအတွက် အားဖြည့်လုပ်ဆောင်ပေးတာမတွေ့ရပါဘူး civil society တွေရဲ့လုပ်ဆောင်မှုတွေရဲ့တစ်ချို့အရာတွေမှာ လည်းတင်းကျပ်မှုတွေလည်းရှိနေသးတယ်လို့ ဆိုနိုင်ပါသေးတယ်။လူငယ်အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့လည်း သိသိသာသာ အားပေးတာမျိုးမရှီခဲ့ပါဘူး နာက်ထပ် စိတ်မကောင်းဖြစ်စရာတစ်ခုကတော့ ဓေါ်အောင်ဆန်းစုကြည်အနေနဲ့မှာလည်း ဖွံဖြိုးတိုးတက်ရေးအတွက်လုပ်ဆောင်နေကြတဲ့ နိုင်ငံတစ်ဝှမ်းကလူငယ်အဖွဲ့အစည်းတွေအပေါ်မှာ အသိမှတ်ပြုအားပေးတာ နည်းနေသေးတယ်လို့ထင်မိ တာပါပဲ။ နိုင်ငံကျော်ရုပ်ရှင်အနုပညာသမားတွေ၊ ဂီတနယ်ပယ်က အနုပညာသမားတွေ ကိုသာ အသိမှတ်ပြုတွေ့ဆုံခဲ့ပေမယ့် အကျဉ်းအကျပ်ကာလတွေမှာ တိုင်းပြည်အတွက် လုပ်နိုင်သလောက်အနစ်နာခံလုပ်ဆောင်နေကြတဲ့ civil society ဘက်က လူငယ်တွေကို တွေ့ဆုံအင်အားပေးတာမျိုးကို သိသိသာသာမတွေ့ရတာကတော့ ဝမ်းနည်ဖွယ်ရာမေ့လျော့မှုတစ်ခုလို့ပဲ ဆိုချင်ပါတယ်။ဒါကလည်းတိုင်းပြည်တည်ဆောက်ရေးပြုပြင်ပြောင်းလဲရေးအတွက် လုပ်ငန်းဆောင်တာတွေများနေတဲ့အချိန်ဖြစ်တာကြောင့်လို့ပဲ နားလည်ရမှာပါ။အချိန်တစ်ခုကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ civil society ဘက်က လူငယ်တွေကို နီးစပ်ခွဲခြားမှုမရှိပဲ အသိမှတ်ပြုအားပေးနိုင်လိမ့်မယ်လို့ ယူစပါတယ်။

အထက်ကပြောခဲ့သလိုပါပဲ မြန့်မာနိုင်ငံရေးရဲ့ အာရုံဟာ လင်းစာပြုလာပါပြီ။ ကမ္ဘာနိုင်ငံတွေအလယ်မှာ
 မြန်မာနိုင်ငံရဲ့ Image ကလည်းလှလာပြီလို့ ဆိုနိုင်မှာပါ။   player တွေစုံလာမယ့် ၂၀၁၅ အလွန်
မြန်မာနိုင်ငံရေး အခင်းအကျဉ်း၊ အလားအလာတွေကလည်း စိတ်ဝင်စားဖို့ သိပ်ကောင်းနေပါပြီ။

    ၂၀၁၅ မှာ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီ စံနူန်းတွေဘယ်လောက်ထိမြင့်တတ်လာမလဲ
     တိုင်းပြည်ဟာ   ဘယ်လောက်အတိုင်းအတာထိ ရွေ့လာနိုင်မလဲ....
   ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်  ဒီမိုကရက်တစ်နိုင်ငံရေးယဉ်ကျေးမှု ( Democratic politic culture)
ဘယ်လောက်အထိ ရင့်ကျက်တိုးတက်လာမလဲ ...

နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်နိုင်မှုအလားလာ.. အင်အားနည်းဒီမိုကရက်တစ်အင်အားစုတွေ ဘယ်လိုရှေ့ဆက်မလဲ...

၂၀၁၅မှာအတိုက်အခံပါတီကရာနူန်းပြည့်အနိုင်ရရှိခဲ့ရင် နောက်ကြောင်းပြန်လှည့်မယ့်အခြေအနေတွေကြူံသွားမှာလား...စီးပွားရေးဖွံဖြိုးတိုးတက်မှုအလားအလာတွေကရော ဘယ်လိုဖြစ်လာမလဲ society change ကရော ဘယ်လိုဖြစ်လာနိုင်မလဲ…

..စသည်ဖြင့်ပေါ့.....စိတ်ဝင်စားစောင့်ကြည့်ချင်စရာတွေ သိပ်များနေပြီလို့ ဆိုရမှာပါ...
ကျန်တော့်အနေနဲ့ကတော့..အပြောင်းအလဲတွေကို... အစွန်းနှစ်ဖက်လွတ်တဲ့ ပြတင်းလေးကနေ ချောင်းကြည့်ရူံလေး သက်သက်ပါပဲ..။
                                                                                                                                                   မှူးသစ်
                                                                                                                                                   7/4/2012

ဆိုက်ကို

အယူအဆတွေဟာ ခဏခဏ ဘီးချော်တယ်။
အဆင်မပြေတဲ့နေမှု့ထိုင်မှု့တွေမှာ နေ့စဉ်နဲ့အမျှ ပြသာနာတစ်ခုလို
ခပ်ကြောင်ကြောင်တွေးတယ်။ ခပ်ကြောင်ကြောင်နေထိုင်တယ်။
လူဖြစ်ပြီး လူလိုမနေတတ်တဲ့....ဆိုက်.ကို
ခင်များတို့တွေ..ခင်များတို့တွေ ဘာကိုများတန်ဖိုးထားနေကြတာလဲ?
ငါးထောင်တန်ဆင်းကဒ်လား?ချယ်ရီကားပါမစ်လား?ရေမီးစုံ ကွန်ဒိုတိုက်ခန်းတစ်ခန်းလား? နိုင်ငံရေးပေါ့(ပ်)သတင်းတစ်ပုဒ်လား?

ဒါမှမဟုတ် Facebook ပေါ်ကအသံကောင်းတဲ့နိုင်ငံရေးသမားတစ်ယောက်ဘဝလား?
ပြုပြင်ပြောင်းလဲရေးလား?အသွင်ကူးပြောင်ရေးလား?

ဒါမှမဟုတ်ရင် Democratization လား? Liberalizationလား Globalization လား
ဒါမှမဟုတ် ဗျုရိုကရေစီအမှုအကျင့်တွေလား? ဆိုရှယ်လစ်အကျင့်စရိုက်လား?
ဒါမှမဟုတ်ရင်လည်းအပေါစားအကယ်ဒမီပေးပွဲတစ်ခုလား?
ခင်များတို့တွေ..ခင်များတို့တွေ ဘာကိုများတန်ဖိုးထားနေကြတာလဲ?
အဲ့ဒါတွေအားလုံးဟာာာ ဆိုက်..ကို

ဟုတ်ပါပြီ။ " အခုဆိုရင်ဖြင့် ကမ္ဘာကြီးဟာ နှစ်သက်ရာ၊ရောင်းချ/စားသုံး/ယှဉ်ပြိုင်နိုင်တဲ့
Market ကြီးတစ်ခုဖြစ်နေပါပြီ။"ဆိုတဲ့အကြောင်း အရမ်းကာရော ပြောလိုက်တာ ဘယ်ပုဂ္ဂိုလ်များလဲ?
အဆိုပါသတင်းကိုထုတ်လွှင့်လို့မပြီးခင်မှာပဲ ရွာက ရေဒီယိုလေးပျက်သွားရှာတယ်။
ဟူးးးးးးးးးးးးးးးးး(လူတွေကိုမြင်နေရတာ အဆင်မပြေဘူးးးး)
ရန်ကုန်ဟာ သိပ်ယောက်ယက်ခတ်နေတဲ့မြို့ပဲ။

ကန်တော်ကြီးမှာ လူတွေသိပ်ရှုပ်တာပဲ၊အင်းယားကန်ဘောင်ပေါ်က ခုံတန်းတွေက တစ်ခါမှ လူမပြတ်ဘူး
နှစ်ရာတန်ဘတ်(စ်)ကားပေါ်မှာ ဖုန်းမြည်သံတွေခဏခဏကြားရတယ်၊
နှစ်ရာတန်ဘတ်(စ်)ကားပေါ်မှာ VCD ရိုက်ကွင်းတွေ ခဏခဏတွေ့ရတယ်။

ဒီလိုဆိုရင် နယ်စပ်မှာ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ....
လွတ်ငြိမ်းချမ်းသာခွင့်သုံးကြိမ်ထဲမှာ အထည်ချုပ်ကကောင်မလေးတစ်ချို့ပါဝင်လာတာ
တိုင်ရီစက်ရုံကအလုပ်သမားတွေ ဆန္ဒပြနေကြတယ်ဆိုတာ..
ကျောင်းမနေဘူးတဲ့(၇)နှစ်သားအရွယ် ကလေးလေးတစ်ယောက် မြို့ပတ်ရထားပေါ်မှာ ကွမ်းယာဆေးလိပ်ရောင်းနေတာ

တုန်ချီနဲ့နေတဲ့အဘွားအိုတစ်ယောက် ပျောက်သွားတဲ့အိမ်ကလေးကို ပလက်ဖေါင်းပေါ်မှာ လိုက်ရှာနေတာ
အဲ့ဒီအဖြစ်ပျက်တွေက သိပ်ထူးဆန်းဖို့ကောင်းမနေဘူးလားးးး
လူတစ်ဦးခြင်းစီရဲ့ အယူအစတွေဟာ လူ့အဖွဲ့စည်းထဲက... လွတ်..ထွက်..ကုန်တယ်။

စားပွဲဝိုင်းနားကိုကပ်လာတဲ့ ကလေးတစ်ယောက်ရဲ့ ဆာလောင်မှုမျက်ဝန်းတွေကို
တောက်..ထုတ်ပစ်ဖို့ ခင်များကြိုးစားနေတာလားး?

ခင်များတို့တွေ..ခင်များတို့တွေ.. ဘာကိုများလိုချင်နေကြတာလဲ?

ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေလား? လူကြိုက်များတဲ့ အလှုဒါနပြုမှုလား?

အောင်မြင်ကျော်ကြားမှုတွေလား?ဒါမှဟုတ် အောင်မြင်ကျော်ကြားသူတွေနဲ့ တွေဆုံရတာလား
ဘာဘာညာညာဖေါင်ဒေးရှင်း Show ပွဲတွေမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးရတာလား?
ပဒေသရာဇ်၊ ဆိုရှယ်လစ်၊ အကျင့်ပျက်ဗျုရိုကရေစီစရိုက် သုံးမရတဲ့ အဲ့ဒီစရိုက်တွေက
တီရှပ်တစ်ထည် စွပ်ချလိုက်ရုံနဲ့ပျောက်သွားတာလား? ပင်နီတိုက်ပုံနဲ့ဆိုရင် အဆင်ပြေသွားတယ်လို့ထင်တာလား?

သွားးးးးးဗျာ အဲ့ဒီသုံးမရတဲ့ ဆိုက်ကို တွေ..။

မနေ့တုန်းက NLD တံဆိပ်စတေကာ ကပ်ထားတဲ့ ဗင်ကားတစ်စီးဟာ...
လူကူးမျဉ်းကျားပေါ်မှာ ကျွန်တော့်ကို ပွတ်ဆွဲသွားတယ်။

ပါတီကြီးကြီးတစ်ခုရဲ့ နိုင်ငံကျော်အဆိုတော် လွှတ်တော်ကိုယ်စားလှယ်လောင်းကြီးရဲ့
အချိုးမပြေတဲ့ ဆက်ဆံရေးကိုမြင်ရတာ စိတ်ပျက်တယ်။(အင်တာဗျူးတစ်ခု အပွိုင့်မန့်ယူစဉ်)
ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံချိတ်ထားတဲ့ ဘတ်(စ်)ကားပေါ်က စပယ်ယာ ဟိန်းဟောက်တာ ခံရရင်
ပိုပြီးအသည်းနာတယ်။

လူအဖွဲ့စည်းဆိုတာ လိမ်စားလို့ကောင်းတဲ့ လိမ်စင်ကြီးတစ်ခုဖြစ်လာပြီ
ခံယူချက်ဆိုတာတွေက လျှောက်လွှာဖြည့်ရတာလောက် တန်ဖိုးမရှိတော့ဘူး
အဆင်မပြေလည်း မတတ်နိုင်ဘူးးး။ သဘောထားကွဲလွဲရတာကို သိပ်သဘောကျ ကြတယ်ပေါ့
လူတစ်ယောက်နဲ့လူတစ်ယောက်ရဲ့ အယူအစတွေဟာ ခဏခဏ ဘီးချော်နေမှာပဲ
ခင်များတို့ ပါစပ်ဖျားက ဒီမိုကရေစီဆိုတဲ့ စုပ်လုံး(သကြားလုံး)ဟာ
သိပ်ချိုနေကြတယ်မဟုတ်လားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မှူးသစ်
28/2/2012.