Valentine's Day ပေါ်ပေါက်လာပုံValentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . .
ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ
သလဲဆိုတဲ့သမိုင်းကို မသိကြသေးတဲ့သူတွေ တော်တော်များများ
ရှိကြဦးမယ်ထင်ပါတယ်..။
ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ဖတ်မိသလောက် ပြောပြချင်ပါတယ်...
သိပြီးသား ကိုကိုမမများကလဲ သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦးလို့..။
ချစ်သူများနေ့ပေါ်ပေါက်လာပုံ
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ
စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။
သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင်
စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ
ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။
စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီး မယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ
နေချင်ကြတယ်..။