Thursday, 5 March 2009

Valentine Day

Valentine's Day ပေါ်ပေါက်လာပုံ

Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . .
ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ
သလဲဆိုတဲ့သမိုင်းကို မသိကြသေးတဲ့သူတွေ တော်တော်များများ
ရှိကြဦးမယ်ထင်ပါတယ်..။
ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ဖတ်မိသလောက် ပြောပြချင်ပါတယ်...
သိပြီးသား ကိုကိုမမများကလဲ သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦးလို့..။
ချစ်သူများနေ့ပေါ်ပေါက်လာပုံ
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ
စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။
သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင်
စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ
ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။
စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီး မယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ
နေချင်ကြတယ်..။

Saturday, 21 February 2009

ဗြိတိန်နိုင်ငံမှ ၁၃နှစ်သားကလေးအဖေ

(၁၃)နှစ်အရွယ်နှင့် ကလေးအဖေ ဖြစ်လာခဲ့သူ အဲလ်ဖီးပက်တန်ကြောင့် ဗြိတိန်နိုင်ငံ၏ ကလေးသူငယ်များအား မိဘများက အုပ်ထိန်းနေသည့် ပုံစံစနစ်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အဲလ်ဖီးသည် အသက်(၁၅)နှစ်အရွယ်ရှိ ၎င်း၏ချစ်သူ ချန်တယ်လာစတိဒ်မန်းနှင့် သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပြီဖြစ်သည်။ အဲလ်ဖီးက ၎င်းတို့နှစ်ဦးသည် ချန်တယ်လာတွင် ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ချိန်က ဖျက်ချပစ်ရန် ကြံစည်ခဲ့သေးကြောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း ၎င်းတွင်မုန့်ဖိုးငွေ အလုံအလောက် မရှိသောကြောင့် ထိုကိစ္စ အထမမြောက်ခဲ့ကြောင်း အဲလ်ဖီးက ပြောကြားခဲ့သည်။ အဲလ်ဖီး၏ဖခင်သည် ၎င်းအား တခါတရံမှသာ (၁၀)ပေါင်ခန့် မုန့်ဖိုးပေးလေ့ရှိသည်။ အဲလ်ဖီးသည် အရပ်(၄)ပေသာရှိသေးသည့် ပီဘိကလေးငယ်တစ်ဦးဖြစ်ပြီး ၎င်း၏မိခင်သည် ၎င်းတို့၏ ကိုယ်ဝန်အကြောင်းကို သိရှိသွားမည်ကို အလွန်ကြောက်ရွံ့မိခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်။