နိုင်ငံတော်
အစိုးရဘက်မှ အလုပ်သမားအခွင့်အရေးစောင့်ကြည့်လေ့လာသူများ ထားရှိရန်လိုအပ်ကြောင်း
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ဇွန် ၃ ရက်နေ့တွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင်
ဖြစ်ပေါ်နေသော အလုပ်သမားဆန္ဒပြမှုများနှင့်ပတ်သက်ပြီး ပြုလုပ်သော ဆွေးနွေးပွဲတွင် အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့များ
အမြန်ဆုံးဖွဲ့စည်းရန်လိုအပ်ပြီး နိုင်ငံတော် အစိုးရဘက်မှ အလုပ်သမား အခွင့်အရေးကိုကာကွယ်စောင့်
စောင့်ကြည့်လေ့လာသူများ ထားရှိရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ
ပြောကြားခဲ့သည်။
“
အလုပ်ရှင်နဲ့အလုပ်သမားအဖွဲ့တွေအမြန်ဖွဲ့ပါ၊ ဖွဲ့ပြီးရင်
အလုပ်ရှင်နဲ့အလုပ်သမားအမြန်ဆုံး ထိတွေ့ပါ၊ အဲ့ဒီကရလာတဲ့ သဘောတူညီချက်တွေကို
ကျွန်တော်တို့က စောင့်ရှောင့်ပေးမယ်၊ ပြီးတော့ ကျွန်တော်တို့ဘက်က
ဘာလုပ်ပေးရမလဲဆိုတော့ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့ပြီး အဲ့ကတာဝန်ရှိသူတွေက
စည်းကမ်းဖောက်ဖျက်မှုတွေရှိလားဆိုတာ စောင့်ကြည့်ရမယ်” ဟု ဦးစိုးသိန်းမှ သူ၏အမြင်ကို
အကြံပြု ပြောကြားသည်။
ဝန်ကြီးဦးအောင်ကြည်အနေဖြင့်
အလုပ်သမားအခွင့်ရေးစောင့်ကြည့်လေ့လာသူများ ထားရှိကာ
အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိရန်လုပ်ဆောင်ပေးရန်လိုအပ်ပြီး
လုပ်ငန်းရှင်များဘက်မှ အကျိုးအမြတ်ကို ပွင့်လင်းမြင်သာစွာဖြင့်
ရှင်းလင်းပြောကြားပြီး အလုပ်သမားများကို မိမိနှင့် စီးပွားဖက်ပုံစံဖြင့်
ဆက်ဆံသွားရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။
No comments:
Post a Comment