ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဧ။် သမီးဖြစ်သူ အဖြစ် ဟန်ဆောင်လိမ်လည်နေသူ အမျိုးသမီးငယ်တစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသော်လည်း အဆိုပါလိမ်လည်မှုများအား အဓိက ကြိုးကိုင်လှုပ်ရှားသူ ရဲအောင်(ခ)ရဲဇော်အောင် နှင့် အပေါင်းအပါများ လွတ်မြောက်နေစဲ ဖြစ်ကြောင်းသိရသည်။
ရွှေမန်းကိုကို ဟု လိမ်လည်နေခဲ့သော မ {ရွှေမန်းကိုကို (ခ)မြင့်သူဇာခိုင်(ခ)ငယ်လေး}အား ကမာရွတ်ရဲစခန်းမှာ (ပ)၂၇၃၊၁၂ သွင်းကုန်ထုတ်ကုန် အက်ဥပဒေ ပုဒ်မ ၅(၁) ၅(၃) ဖြင့်၎င်း နိုင်ငံသားစီစစ်ရေးကဒ်ပြား အတုပြုလုပ်မှု (ပ) ၂၇၁ ၊၁၂ ပုဒ်မ ပုဒ်မ၄၂၀၊၄၆၈ တို့ဖြင့် ဇူလိုင်လ (၄) ရက်နေ့တို့တွင် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
သူရဦးရွှေမန်းဧ။် သားသမီးဖြစ် အရောင်ဆောင်၍ လိမ်လည်မှုများတွင် ဒေါက်တာ ရွှေမန်းကိုကို ဟုအရောင်ဆောင်မှုမှာ
တစ်ချို့နေရာများတွင် သားဖြစ်သူဟန်ဆောင် ပြီး တစ်ချို့နေရာများတွင် သမီးဖြစ် ဟန်ဆောင်လေ့ရှိကြောင်း
အဆိုပါကဲ့သို့လိမ်လည်မှုများမှာ လွန်ခဲ့သောနှစ်အနည်းခန့်ကပင်လိမ်မှုခံခဲ့ရသူများရှိခဲကြောင်း အလိမ်ခံခဲ့ရသူ အချို့ထံမှ စုံစမ်းသိရသည်။
အဆိုပါ လိမ်လည်မှုများအား အဓိကဦးဆောင်သူ ရဲအောင်(ခ) ရဲဇော်အောင် မှာ၎င်းတို့အဖွဲ့အား( long life) ဟု အမည်ပေးထားပြီး ၄င်းကိုယ်တိုင်ပင် သူရဦးရွှေမန်း ဧ။် သားဖြစ်ဟန် အရောင်ဆောင်၍ လိမ်လည်မှုများ ရှိခဲ့ကြောင်းသိရသည်။
ရွှေမန်းကိုကို ဟူ၍ အရောင်ဆောင်လိမ်လည်မှုများ တွင် ပါဝင်ခဲ့သူများ တွင် {ရွှေမန်းကိုကို(ခ)မြင့်သူဇာခိုင် သာဖမ်းမိထားပြီး ကျန်ရှိသူများ လွတ်မြောက်နေစဲ ဖြစ်ကြောင်းသိရသည်။
The Street View Journal မှကူးယူဖော်ပြသည်။

No comments:
Post a Comment