ပြောကြားသည်။
ကိုဖြိုးဝေအောင်သည် ၂၀၁၀ သင်္ကြန် ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး တစ်နှစ်ကျော်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ် မေ ၈ ရက်နေ့၌ ရန်ကုန်မြောက်ပိုင်းခရိုင်အထူးတရားရုံးမှ သေဒဏ်ပေးခြင်းခံခဲ့ရသူဖြစ်သည်။ ကိုဖြိုးဝေအောင်မှာ ယခုအချိန်တွင် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရပြီး အသည်းကင်ဆာရောဂါကို အပြင်းအထန် ခံစားနေရကြောင်း သိရသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား မြန်မာနိုင်ငံသို့ ပထမအကြိမ်လာရောက်ခဲ့သော ခရီးစဉ်အတွင်း ကိုဖြိုးဝေအောင် ကျန်းမာရေးအခြေအနေ ဆိုးရွားနေခြင်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကိုဖြိုးဝေအောင်၏ ကျန်းမာရေးအခြေအနေကို စိုးရိမ်မိကြောင်းပြောဆိုခဲ့သည်။
မစ္စတာကင်တားနားသည် ၂ဝ၁၂ ခုနှစ် ဇူလိုင် ၃ဝ ရက်နေ့၌ အင်းစိန်ထောင်သို့သွားရောက်၍ အကျဉ်းသားများ၏ အခြေအနေကိုကြည့်ရှုခဲ့ပြီး ကိုဖြိုးဝေအောင်နှင့်လည်း တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံပြီးနောက် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။
၂ဝ၁ဝ ခုနှစ် ဧပြီလတွင်ကျင်းပသည့် သင်္ကြန်ကာလ၌ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်းနှင့် ဦးအောင်မြင့်လမ်းထောင့်ရှိ X2O သင်္ကြန်ရေကစားမဏ္ဍပ်တွင် သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ဆယ်ဦး သေဆုံးခဲ့ရပြီး ၁၆ဝ ကျော် ဒဏ်ရာရှိခဲ့သည်။
ကိုဖြိုးဝေအောင်သည် ၂၀၁၀ သင်္ကြန် ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး တစ်နှစ်ကျော်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ် မေ ၈ ရက်နေ့၌ ရန်ကုန်မြောက်ပိုင်းခရိုင်အထူးတ
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား မြန်မာနိုင်ငံသို့ ပထမအကြိမ်လာရောက်ခဲ့သော ခရီးစဉ်အတွင်း ကိုဖြိုးဝေအောင် ကျန်းမာရေးအခြေအနေ ဆိုးရွားနေခြင်းနှင့်ပတ်သက်ပြီး
မစ္စတာကင်တားနားသည် ၂ဝ၁၂ ခုနှစ် ဇူလိုင် ၃ဝ ရက်နေ့၌ အင်းစိန်ထောင်သို့သွားရောက်၍ အကျဉ်းသားများ၏ အခြေအနေကိုကြည့်ရှုခဲ့ပြီး ကိုဖြိုးဝေအောင်နှင့်လည်း တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံပြီးနောက် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။
၂ဝ၁ဝ ခုနှစ် ဧပြီလတွင်ကျင်းပသည့် သင်္ကြန်ကာလ၌ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်းနှင့် ဦးအောင်မြင့်လမ်းထောင့်ရှိ X2O သင်္ကြန်ရေကစားမဏ္ဍပ်တွင် သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ဆယ်ဦး သေဆုံးခဲ့ရပြီး ၁၆ဝ ကျော် ဒဏ်ရာရှိခဲ့သည်။
No comments:
Post a Comment